VIDEO
အိမ်မက်လား လက်တွေ့လား ယစ်မူးခြင်းလား ရီဝေခြင်းလား ဘာတစ်ခုမှမသဲကွဲတော့ချိန်.. ငါ့စိတ်ကအပိုင်းပိုင်းအစစ ကွဲရှနေသော အတိတ်တစ်ခုကို စီးမျောသွားချိန် ငါ့ခြေထောက်အောက်ကမြေကြီးထဲမှာ မရှိတဲ့ ငရဲတစ်ခုကိုယူဆောင်လာသူမင်းအတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့ အခန်းနားဆုံးသောလက်ဆောင်တစ်ခုက.. နာကျင်ခြင်းအပြည့်နဲ့ သေခြင်းတရားက မင်းဘဝရဲ့လုပ်ရပ်တွေအတွက် ထိုက်သင့်တဲ့လက်ဆောင်တစ်ခု မူးယစ်ဆေးအသုံးချပြီး ငါတို့ရဲ့မာနတွေအတ္တကိုလှည့်ဖြားပြီး မာယာနဲ့သွေးဆောင်ခဲ့ အိမ်မက်တွေဖျက်ဆီးခဲ့ ဘဝတွေကိုရိုက်ချိုးခဲ့ငါယူဆောင်လာမယ် မင်းအတွက်က သက်ညှာမှုမရှိတဲ့ဆုံးဖြတ်ချက်တွေနဲ့ မထင်မှတထားတဲ့အဆိုးရွားဆုံးသောနာကျင်မှုတွေနဲ့ မင်းင၊့ဆီယူဆောင်လာတဲ့ငရဲတစ်ခုထက် (မင်းအပြစ်တွေဆေးကြောဖို့အတွက် နာကျက်မှုအပြည့်နဲ့ လက်ဆောင်တစ်ခုငါယူဆောင်ခဲ့မယ် မင်းဘဝရဲ့နောက်ဆုံးထွက်သက်ထိမဆေးကြောနိုင်မဲ့မင်းလုပ်ရပ်တွေအတွက်) နာကျင်ခြင်းအပြည့်နဲ့ သေခြင်းတရားက မင်းဘဝရဲ့လုပ်ရပ်တွေအတွက် ထိုက်သင့်တဲ့လက်ဆောင်တစ်ခု only a death that with the scar that with the horror that with the pain let's start the party with the death there is no chance to escape from your death (မင်းအပြစ်တွေဆေးကြောဖို့အတွက် နာကျက်မှုအပြည့်နဲ့ လက်ဆောင်တစ်ခုငါယူဆောင်ခဲ့မယ် မင်းဘဝရဲ့နောက်ဆုံးထွက်သက်ထိမဆေးကြောနိုင်မဲ့မင်းလုပ်ရပ်တွေအတွက်) မင်းအတွက်ငါယူဆောင်လာတဲ့ သေခြင်းတရားကိုထွေးပွေ့ရင်းနဲ့ ဒီကမ္ဘာရဲ့ချောက်နက်တစ်ခုမှာအိပ်စက်လိုက်တော့.. ပူလောင်မှုအတ္တတွေပြည့်ဝနေတဲ့ အခြားကမ္ဘာရဲ့ငရဲခန်းတစ်ခုကိုရွက်လွှင့်လိုက်တော့.. (မင်းအပြစ်တွေဆေးကြောဖို့အတွက် နာကျက်မှုအပြည့်နဲ့ လက်ဆောင်တစ်ခုငါယူဆောင်ခဲ့မယ် မင်းဘဝရဲ့နောက်ဆုံးထွက်သက်ထိမဆေးကြောနိုင်မဲ့မင်းလုပ်ရပ်တွေအတွက်)Teksty umieszczone na naszej stronie są własnością wytwórni, wykonawców, osób mających do nich prawa.