VIDEO
အရိုးစွဲနေတဲ့အသိတရားတစ်ခုနဲ့ လောကရဲ့စစ်မှန်တဲ့အမှန်တရား တစ်ခုကို မမြင်နိုင်ခဲ့ မနိုးထနိုင်ခဲ့ အဆိပ်သင့်နေတဲ့ ကန့်သတ်ချက်တွေရဲ့ဘောင်အတွင်းဘက်က အဖြူရောင်သန့်သန့်ဦးနှေက်တွေကို မှိုင်းတိုက်ဖို့မကြိုးစားနဲ့ ဆုံနိုင်တယ် အိမ်မက်ထဲမှာ ဒီအတ္တတွေကိုမောင်းထုတ်ထားတဲ့ တဒင်္ဂ တင်းကြပ်တဲ့ဥပဒေသများနဲ့ ကန့်သတ်ချက်များကိုမောင်းထုတ်ထားတဲ့ခဏ မမြင်နိုင်တဲ့ဟိုးအဝေးကရောင်နီဦးတစ်ခုကို ပိတ်လှောင်ကာအကျဉ်းချထားတဲ့ မှောင်မိုက်ခြင်းတွေအပြည့် အရိုးရှင်းဆုံးအိမ်မက်တွေနဲ့တည်ဆောက်ခဲ့တဲ့ အစွန်းအထင်းတွေမရှိတဲ့ဘဝ အောင်မြင်မှုမသိ ကျရှုုံးမှုမရှိ ကန့်သတ်ချက်တွေဗလာနတ္ထိ ပြန်မလိုချင်နဲ့တော့ မလွမ်းဆွတ်နဲ့တော့ လက်ရှိအဖြစ်အပျက်တွေနဲ့ အားလုံးအဝေးဆုံးသို့ (ကန့်သတ်ချက်တွေပြည့်နှက်နေတဲ့ ဒီအတ္တတွေအလည်မှာ).. နှလုံးသားတစ်ခု ပိတ်မိနေဆဲ ရုန်းမထွက်နိုင်ခဲ့ ရှေ့တန်းမတင်နိုင်ခဲ့တဲ့ ခံစားချက်အိမ်မက်တွေကို လွန်ဆွဲနေတဲ့ အပေါစားကန့်သတ်ချက်တွေထဲက မင်း... အတ္တနွံထဲက လွတ်မြောက်ဖို့ကြိုးစား ဆုံနိုင်တယ်ဒီအိမ်မက်ထဲမှာ ဒီအတ္တတွေထိန်းချုပ်ထားတဲ့တဒင်္ဂTeksty umieszczone na naszej stronie są własnością wytwórni, wykonawców, osób mających do nich prawa.